လေ့လာရန် ဝေါဟာရစာရင်း (Glossary)
အခု Glossary တွေက စကားလုံးတွေကို အမြဲတမ်းမှန်ကန်တဲ့ definition တခုနဲ့ ပိတ်ထားဖို့ မဟုတ်ပါ။ လူအများ ဘယ်လိုသုံးကြသလဲ၊ ဘယ်နေရာမှာ အဓိပ္ပာယ်ကွဲသွားသလဲ၊ TCD က ဘယ်လိုချဉ်းကပ်စဉ်းစားဖို့ အကြံပြုသလဲဆိုတာကို အတူကြည့်နိုင်ဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံရေးနဲ့ လူမှုဘဝမှာ အသုံးများတဲ့ စကားလုံးတွေဟာ သမိုင်း၊ institution, power relation နဲ့ context မတူရင် အဓိပ္ပာယ်လည်း မတူနိုင်ပါတယ်။ ဒါကြောင့် စကားလုံးတခုကို မှတ်သားရုံထက် သူ့ရဲ့ boundary, assumption, consequence နဲ့ ကွဲပြားသုံးစွဲပုံတွေကိုပါ စဉ်းစားဖို့ ဒီ Glossary က ကူညီပေးဖို့ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်တွေကို နောက်ဆုံးအဖြေအဖြစ် မတင်ပြပါ။ အတူတကွ ဆွေးနွေးနိုင်ဖို့ လုံလောက်အောင် တိကျပြီး၊ context နဲ့ evidence အသစ်တွေ ပေါ်လာရင် ပြန်လည်စစ်ဆေးပြင်ဆင်နိုင်တဲ့ လုပ်ငန်းသုံးအဓိပ္ပာယ်များအဖြစ်သာ သုံးထားပါတယ်။