သမိုင်းကို ပိုင်းခြားဝေဖန်၍ လေ့လာခြင်းသင်ခန်းစာများ
မြန်မာနိုင်ငံမှာ သမိုင်းကို ကျောင်းစာအုပ်ကနေလည်း သိလာတတ်တယ်၊ မိသားစုမှတ်ဉာဏ်၊ လူမှုအသိုင်းအဝိုင်းတွေရဲ့ ဇာတ်ကြောင်း၊ မော်ကွန်းစာရွက်စာတမ်း၊ ပြောမထားခဲ့တဲ့ တိတ်ဆိတ်မှုတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကနေလည်း သိလာတတ်ပါတယ်။ ပြဿနာက ဒီအရာတွေဟာ အမြဲတမ်း တူညီတဲ့အကြောင်းကို ပြောနေကြတာ မဟုတ်တာပါ။ ဒီ learning page က မှတ်ဉာဏ်၊ အချက်အလက်ဆိုင်ရာအဆို၊ အရင်းမြစ် source နဲ့ အထောက်အထား evidence တို့ကို ခွဲဖတ်တတ်ဖို့၊ oral history လုပ်တဲ့အခါ consent၊ power၊ risk နဲ့ uncertainty ကို သတိထားတတ်ဖို့ လေ့ကျင့်ပေးထားပါတယ်။ အောက်က interactive block သုံးခုကို သမိုင်းကို ပြန်ဖတ်ခြင်း၊ နှုတ်သမိုင်း Oral History နဲ့ အလုပ်လုပ်ခြင်း၊ နောက်ဆုံးမှာ ကိုယ်နားလည်ထားတာကို လက်တွေ့အသုံးချနိုင်မနိုင် စစ်ဆေးခြင်း ဆိုတဲ့ အစဉ်နဲ့ စီထားပါတယ်။ ရည်ရွယ်ချက်က သမိုင်းအကြောင်း ပိုယုံကြည်ချက်ရှိရှိ ပြောနိုင်လာဖို့ထက် ဘာကို evidence နဲ့ ပြောလို့ရတယ်၊ ဘာကို ထပ်စစ်ရဦးမယ်၊ ဘယ်နေရာမှာတော့ ကိုယ့်ယုံကြည်မှုကို ခဏရပ်ထားသင့်တယ်ဆိုတာ ပိုသိလာဖို့ပါ။
သမိုင်းလေ့လာတာက လူသိများတဲ့ ဇာတ်ကြောင်းကို ပြန်မှတ်မိဖို့ထက် အဲဒီဇာတ်ကြောင်းကို ဘာကြောင့် ယုံလာခဲ့တာလဲ၊ ဘယ် အရင်းအမြစ် ကျမ်းကိုး source တွေပေါ်မှာ ရပ်တည်ထားလဲဆိုတာ ပြန်စစ်တဲ့အခါ ပိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းလုပ်ပါ။ ကိုယ်သေချာတယ်လို့ ထင်ထားတဲ့အရာတွေ ရောက်လာတဲ့အခါ ပိုပြီး အချိန်ပေးစဉ်းစားပါ။
နှုတ်သမိုင်း Oral history မှာ သမိုင်းကို လေ့လာသူ ဆရာသမားတယောက်တည်း မရှိတော့ပါဘူး။ ကိုယ့်ရှေ့မှာ အမှတ်ရနေသူ၊ ပြန်ပြောပေးနေသူ၊ တချို့အရာကို မပြောချင်သူ တယောက် ရှိလာတဲ့အတွက် နားထောင်ပုံ၊ ဇာတ်ကြောင်းပြောသူရွေးချယ်ပုံ၊ consent၊ interpretation နဲ့ responsibility တို့ပါ method ထဲ ဝင်လာပါတယ်။ ဒီအပိုင်းမှာ အတွေ့အကြုံကို လေးစားရင်း historical claim ကို ဘယ်လို စစ်မလဲ၊ testimony တခုကို တခုတည်းသော အမှန်အဖြစ် မယူဘဲ တခြား evidence တွေနဲ့ ဘယ်လို တွဲဖတ်မလဲဆိုတာ လေ့ကျင့်ကြည့်ပါ။
နောက်ဆုံးအပိုင်းက definition တွေ မှတ်မိမမှတ်မိကို အဓိက စစ်တာ မဟုတ်ပါဘူး။ အပေါ်က သင်ခန်းစာတွေထဲက source, claim, memory, archive, agency, consent နဲ့ evidence တို့ကို အခြေအနေအသစ်ထဲမှာ တကယ်ခွဲဖတ်ပြီး အသုံးချနိုင်မနိုင် စစ်တာပါ။ မေးခွန်း ၅၀ လုံး ဖြေပြီးနောက် စုစုပေါင်းအမှတ် ၇၀ ရာခိုင်နှုန်းနဲ့အထက် ရဖို့လိုပြီး၊ အခြေခံသဘောတရားကို စစ်တဲ့ IMPORTANT ပြထားတဲ့ မေးခွန်း ၈ ခုလုံး မှန်ရပါမယ်။ ဒီအဆင့်ကို အောင်မြင်မှ Certificate ထုတ်ပေးပါမယ်။
ဖြေဆိုပြီးပါက Certificate ကို Download လုပ်ယူထားပါ။
တခုထက်ပို ရွေးရသော မေးခွန်းများ ရှိသည်ကို သတိပြုပါ။
အစီစဉ်ချခိုင်းသော မေးခွန်းများတွင် "Confirm Order" ကို နှိပ်ရန် မမေ့ပါနှင့်။
ဖြေဆိုပြီးပါက Certificate ကို Download လုပ်ယူထားပါ။
ထုတ်ယူမရပါက TheCallingDigest@gmail.com ကို ဖြစ်စေ၊ https://t.me/Minsoe101 ကို ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။