မိမိစိတ်၊ မိမိလိုအပ်ချက်နဲ့ ကိုယ့်တုံ့ပြန်ပုံကိုသုံးသပ်ရန်



နေ့စဉ်ဘဝမှာ ကြုံရတဲ့ စိတ်ဖိစီးမှု၊ ဆက်ဆံရေးပဋိပက္ခ၊ မလေးစားခံရသလို ခံစားရမှု၊ မသေချာမှု၊ အားကုန်မှုတွေကို ချက်ချင်းဖြေရှင်းဖို့ ကြိုးစားမယ့်အစား ခဏရပ်ပြီး ဘာတွေဖြစ်နေလဲ ပြန်ကြည့်ဖို့ ဒီ guided reflection ကို ပြုလုပ်ထားပါတယ်။


တကယ်ဖြစ်ခဲ့တာ၊ ကိုယ်ယူမိတဲ့အဓိပ္ပာယ်၊ ခံစားချက်၊ လိုအပ်ချက်၊ ကိုယ့်အတွင်းက ထပ်ခါထပ်ခါသုံးနေတဲ့ တုံ့ပြန်ပုံတွေကို ဖြည်းဖြည်းချင်း ခွဲကြည့်နိုင်ပါတယ်။ အဲဒီနောက် ပြဿနာက ကိုယ့်အတွင်းမှာပဲ ရှိနေတာလား၊ ဆက်ဆံရေးထဲမှာ ရှိနေတာလား၊ power နဲ့ structure ကနေ ထွက်လာတာလားဆိုတာလည်း ပြန်ကြည့်နိုင်ပါတယ်။


ဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို ရောဂါနာမည်တပ်ဖို့၊ အပြစ်တင်ဖို့၊ အတင်းအကျပ် positive ဖြစ်အောင်လုပ်ဖို့ မဟုတ်ပါ။ ကိုယ်ဘာလိုနေလဲ၊ ဘာကို ကာကွယ်နေလဲ၊ ဘယ်လိုနည်းနဲ့ ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင် လုပ်နေသလဲ၊ အခုအခြေအနေမှာ ဘာကို ပြောင်းလဲနိုင်သလဲဆိုတာ ပိုရှင်းလာဖို့ပါ။


အဖြေတိုင်းကို ဖြေရမယ်ဆိုတဲ့ စည်းကမ်းမရှိပါ။ မဖြေချင်တာကို ကျော်နိုင်ပါတယ်။ ခဏရပ်နိုင်ပါတယ်။ တယောက်တည်းလုပ်နိုင်သလို ယုံကြည်ရတဲ့ မိတ်ဖက်တယောက်နဲ့လည်း အတူပြန်ကြည့်နိုင်ပါတယ်။


ကိုယ့်ကိုယ်ကို သိလာခြင်းရဲ့ အဓိပ္ပာယ်က ကိုယ့်အကြောင်း အဖြေအကုန်ရသွားတာ မဟုတ်ပါ။ နောက်တခါ အလားတူအခြေအနေ ကြုံလာတဲ့အခါ အရင်ကထက် နည်းနည်းပိုမြင်လာပြီး၊ တုံ့ပြန်နိုင်တဲ့ ရွေးချယ်စရာ နည်းနည်းပိုရှိလာတာပါ။

၁။ ခဏရပ်ပြီး အခုဘာဖြစ်နေလဲ ကြည့်မယ်

၂။ ဘာလိုနေသလဲ

၃။ ရွေးချယ်စရာဘောင်ကို ချဲ့ရအောင်

၄။ ဘာလုပ်မလဲ၊ ဘယ်လိုပြောမလဲ

၅။ စုစည်း၊ ရှေ့ခရီး

မိမိကိုယ်ကို ပြန်ရှာကြည့်ခြင်း


ဒီ tool က အပေါ်က reflection အဆင့်တွေရဲ့ အစိတ်အပိုင်းမဟုတ်ပါ။ ကိုယ့်တန်ဖိုး၊ လုံခြုံမှုနဲ့ ဆက်နွယ်မှုကို ထိန်းထားဖို့ ဘာတွေကို အားကိုးတတ်သလဲဆိုတာ သီးသန့် ပြန်ကြည့်နိုင်ဖို့ ဖန်တီးထားတဲ့ reflection exercise တခုပါ။ အသိအမှတ်ပြုခံရမှု၊ အဖွဲ့ထဲပါဝင်မှု၊ အသုံးဝင်နေမှု၊ ထိန်းချုပ်နိုင်မှု၊ ကိုယ့်ပုံရိပ်နဲ့ ခက်ခဲတဲ့ခံစားချက်တွေကို ရှောင်လွှဲမှုတို့က ကိုယ့်ဘဝထဲမှာ ဘယ်လိုအလုပ်လုပ်နေသလဲကို ဖြည်းဖြည်းချင်း သတိထားကြည့်နိုင်ပါတယ်။ ဒါတွေဟာ လူအမျိုးအစား ခွဲဖို့မဟုတ်ဘဲ ကိုယ်ထပ်ခါထပ်ခါ သုံးနေတတ်တဲ့ နည်းတွေကို မြင်လာဖို့ပါ။

မိမိစိတ်ကို မှီခိုမှုခြောက်ခုမှ သုံးသပ်ပြန်ကြည့်ခြင်း

Difficult period အတိုချုပ်မေးခွန်းများ

Crisis အတိုချုပ်မေးခွန်းများ