This page brings together The Calling Digest’s interactive learning tools for strengthening how people read questions, handle concepts, trace causes, examine institutions, and reflect on their own assumptions. The aim is to build practical habits of inquiry before asking learners to adopt political theories or ready-made answers. 


ဒီစာမျက်နှာမှာတော့ တံပိုးသံစာစဉ်ရဲ့ အပြန်အလှန် လေ့ကျင့်နိုင်တဲ့ သင်ယူရေးကိရိယာတွေကို စုစည်းပေးထားပါတယ်။ မေးခွန်းကို တိတိကျကျနားလည်တတ်နိုင်ဖို့၊ အယူအဆတွေကို ခွဲခြားကိုင်တွယ်တတ်ဖို့၊ အကြောင်းရင်းကို လိုက်တတ်ဖို့၊ အင်စတီကျူးရှင်းတွေကို မြင်တတ်ဖို့နဲ့ ကိုယ့်ရဲ့ယူဆချက်တွေကို ပြန်စစ်တတ်ဖို့ လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားတာပါ။ နိုင်ငံရေးသီအိုရီတွေ ဒါမှမဟုတ် အဆင်သင့်မှတ်တဲ့အဖြေတွေအကြောင်း မပြောကြခင်မှာ စူးစမ်းစဉ်းစားတဲ့အလေ့အထကို တည်ဆောက်ဖို့ကို အဓိကထား လုပ်ဆောင်ပေးထားပါတယ်။

အက်ဆေး - အယူအဆများနဲ့ အာဏာ

မေးခွန်းများကိုနားလည်ခြင်း

မေးခွန်းကောင်းများကို ဘယ်လိုမေးမလဲ

ပြဿနာပုစ္ဆာကိုဖော်ထုတ်ခြင်း

Problem-Based Learning • Decision Simulation

ပြဿနာပုစ္ဆာကို တိတိကျကျ ဖော်ပြနိုင်စွမ်း

ဒီလေ့ကျင့်ခန်းက “အဖြေမှန်ရွေးနိုင်လား” ကိုစမ်းတာမဟုတ်ပါဘူး။ ပြဿနာတခုကို ကြားလိုက်တဲ့အခါ judgment, assumption, cause, solution တွေဆီ အမြန်မခုန်ဘဲ — ဘာဖြစ်နေသလဲ၊ ဘယ်သူ့အတွက်၊ ဘယ်အခြေအနေမှာ၊ ဘာသက်သေရှိသလဲ၊ ဘာကို မသေချာသေးဘူးလို့ထားရမလဲ — ဆိုတာကို ဆုံးဖြတ်နိုင်စွမ်း လေ့ကျင့်တာဖြစ်ပါတယ်။

အခြေခံလမ်းကြောင်း — Observation → Scope → Evidence → Mechanism → Consequence → Problem Statement
လေ့ကျင့်ခန်း တိုးတက်မှု0 / 50
ရမှတ် 0 / 50
၁ • Observationဘာတကယ်ဖြစ်နေလဲ?
၂ • Scopeဘယ်သူ၊ ဘယ်နေရာ၊ ဘယ်အချိန်?
၃ • Evidenceဘာနဲ့သိတာလဲ?
၄ • Mechanismဘာက ထပ်ဖြစ်စေသလဲ?
၅ • Consequenceဘာကြောင့် အရေးကြီးလဲ?
စကားလုံးတွေ မရှုပ်အောင် — ဒီ exercise မှာ ဘယ်လိုသုံးထားသလဲ
Observation — ကိုယ်တိုင်ကြည့်၊ မှတ်တမ်းတင်၊ မေးမြန်း၊ တိုင်းတာလို့ရတဲ့ အခြေအနေ။
Scope — ဘယ်လူအုပ်စု၊ ဘယ်နေရာ၊ ဘယ်ကာလအတွင်းဆိုတာ ကန့်သတ်ထားခြင်း။
Inference — evidence ကနေ ဆက်စဉ်းစားထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု; observation ကိုယ်တိုင် မဟုတ်ပါ။
Judgment — ကောင်း/မကောင်း၊ တော်/မတော်၊ စည်းကမ်းရှိ/မရှိ စသဖြင့် အကဲဖြတ်ခြင်း။
Mechanism — pattern တခုကို ထပ်တလဲလဲဖြစ်စေနိုင်တဲ့ rule, incentive, relationship, process စတဲ့ လုပ်ဆောင်ပုံ။
Consequence — ပြဿနာဆက်ဖြစ်နေရင် ထွက်လာတဲ့ သက်ရောက်မှု။
ROUND 1 • 12 DECISIONS

ဘယ်စာကြောင်းက စုံစမ်းလေ့လာဖို့ အသုံးဝင်ဆုံးလဲ?

အတိုဆုံးဟာလည်း မှန်နိုင်တယ်၊ အရှည်ဆုံးဟာလည်း မှားနိုင်တယ်။ စာကြောင်းရဲ့ အရှည်မဟုတ်ဘဲ claim ရဲ့ အရည်အသွေးကို ကြည့်ပါ။

ROUND 2 • 10 MULTI-SELECT

ဒီ statement မှာ ဘာတွေ လိုသေးလဲ?

တခုထက်ပိုပြီး ရွေးနိုင်တယ်။ တခါတလေ evidence လိုတယ်၊ တခါတလေ scope လိုတယ်၊ တခါတလေ cause ကို ချက်ချင်းမသတ်မှတ်ဖို့ပဲ လိုတယ်။

ROUND 3 • 10 CLASSIFICATIONS

Observation, Inference, Judgment, Solution ခွဲနိုင်လား?

Problem statement မရေးခင် စာကြောင်းတခုက ဘာအမျိုးအစားလဲ ခွဲနိုင်ရမယ်။

ROUND 4 • 8 REVISIONS

Evidence အသစ်ရလာရင် ဘယ်လိုပြန်ရေးမလဲ?

အရင်ဆုံးရေးထားတာကို ကာကွယ်ဖို့မဟုတ်ဘဲ evidence အသစ်ကြောင့် claim ကို ပိုတိကျအောင် ပြင်နိုင်ဖို့ လေ့ကျင့်ပါ။

ROUND 5 • 10 SIMULATION DECISIONS

Problem Statement တည်ဆောက်နေချိန်မှာ ဘာကို နောက်တစ်ဆင့်လုပ်မလဲ?

Case တခုကို စဉ်းစားနေတဲ့အဖွဲ့ထဲမှာ သင်ပါဝင်နေတယ်လို့ ယူဆပါ။ အခုအချိန်မှာ ဘယ်ဆုံးဖြတ်ချက်က inquiry ကို ပိုကောင်းစေမလဲ?

FINAL PRACTICE

ကိုယ်တိုင် Problem Statement တည်ဆောက်ပါ

ဒီအပိုင်းမှာ system က “အဖြေမှန်” မထုတ်ပေးပါဘူး။ သင့်ဆုံးဖြတ်ချက်တွေကို တနေရာတည်းမှာ မြင်အောင် စုပေးတာပါ။

Draft: အပေါ်က အချက်တွေဖြည့်ပြီး တည်ဆောက်ပါ။
အဓိကအလေ့အကျင့် — “ဘာကြောင့်ဖြစ်တာလဲ” မေးခွန်းကို ချက်ချင်းမဖြေပါနဲ့။ အရင်ဆုံး “ဘာဖြစ်နေလဲ၊ ဘယ်သူ့အတွက်၊ ဘယ်အခြေအနေမှာ၊ ဘာနဲ့သိတာလဲ” ကို လုံလောက်အောင် ဖော်ပြနိုင်ဖို့ လေ့ကျင့်ပါ။

Course (အဖွဲ့ဝင်များအတွက်)