First - Reading Comprehension.


ပထမဆုံး စာကြောင်းဝါကျတွေကို ဖတ်နိုင်သဘောပေါက်နိုင်အောင် လေ့ကျင့်ပါ။


ဝါကျစာကြောင်းတွေကို ဖတ်ပြီး နားလည်နိုင်တာ၊ Reading Comprehension ဆိုတာ နိုင်ငံရေးခေါင်းဆောင်မှုမတိုင်ခင် ရှိဖို့လိုတဲ့ အခြေခံစွမ်းရည်တခုပါ။

တယောက်ယောက်က တခုခုပြောတဲ့အခါ သူ တိုက်ရိုက်မပြောထားတဲ့အရာ၊ သူ့ရင်ထဲမှာ ဘာကိုဆိုလိုတာဖြစ်နိုင်သလဲဆိုတာ မဖတ်ခင်၊ သူတကယ်ရေးထားတဲ့ စကားလုံးနဲ့ ဝါကျကို အရင်နားလည်နိုင်ဖို့လိုပါတယ်။


ရှုပ်ထွေးအောင်ရေးထားတဲ့ ပါဠိဆန်တဲ့စာ၊ လက်တင်စာ၊ Fog Index မြင့်တဲ့စာ၊ ဝါကျရှည်ရှည် ရှုပ်ရှုပ်တွေကိုတောင် မပြောသေးပါဘူး။ ရိုးရိုးသာမန် ဝါကျတကြောင်းမှာ ဘယ်သူက ဘာပြောတယ်၊ ဘာကို မပြောဘူး၊ “အချို့” လို့ ရေးထားတာလား “အားလုံး” လို့ ရေးထားတာလား၊ “ဖြစ်နိုင်တယ်” လို့ ရေးထားတာလား “ဖြစ်မယ်” လို့ ရေးထားတာလားဆိုတာကို မှန်မှန်ဖတ်နိုင်ဖို့ အရင်လိုပါတယ်။


အဲဒီအခြေခံမရှိသေးဘဲ နိုင်ငံရေးအယူအဆ၊ hidden meaning၊ ရည်ရွယ်ချက်၊ ideology စတာတွေကို ဆက်ဖတ်မယ်ဆိုရင် စာရေးသူရေးထားတာကို ဖတ်နေတာထက် ကိုယ်ထင်တာကို စာထဲပြန်ထည့်ဖတ်မိနေတာဖြစ်ဖို့သာ ပိုများသွားပါတော့တယ်။

Reading Comprehension Small Exercise

Reflective: Assumption Check

Biases and Fallacies to Study

Pattern, Power, Leverage and Interventions