မြန်မာ့နိုင်ငံရေးကောက်ကြောင်းများ
မြန်မာ့ပုစ္ဆာရှုမြင်ရာ
အထူးကဏ္ဍ
မဏ္ဍလစနစ်ဆိုင်ရာအတွေးများ
အရင်ခေတ်က ဗြူရိုကရေစီ ဘာလို့မဖြစ်နိုင်ရသနည်း (မဏ္ဍလစနစ် ဆောင်းပါးတွဲ) မှ ကောက်နုတ်ချက်
----------
ထာဝရရှိခဲ့တဲ့ နိုင်ငံတော်ဆိုတဲ့ ဒဏ္ဍာရီ (The Myth of Timeless Statehood) ကို ကြည့်ပါစို့။
ဒီကနေ့ခေတ် နိုင်ငံရေးဆွေးနွေးမှု အများစုမှာ ပုဂံ၊ ဟံသာဝတီ ဒါမှမဟုတ် ရောမအင်ပါယာလို ရှေးခေတ်အင်ပါယာကြီးတွေကို "နိုင်ငံတော်" (State) လို့ ပေါ့ပေါ့တန်တန် ရည်ညွှန်းလေ့ရှိကြတယ်။ ဒီလိုပြောလိုက်တာက ရှေးခေတ် ဘုရင့်နိုင်ငံတွေနဲ့ ဒီကနေ့ခေတ် မော်ဒန်အမျိုးသားနိုင်ငံတွေ (Modern Nation-States) ကြားမှာ ဆက်စပ်မှုရှိတယ်လို့ သဘောသက်ရောက်စေတယ်။ ဒါပေမဲ့ သမိုင်းနဲ့ သဘောတရားရေးရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဲဒီယူဆချက်ဟာ မှားယွင်းတယ်လို့ ဆိုချင်တယ်။
ခေတ်သစ် ဗြူရိုကရေစီနိုင်ငံတော် (Modern Bureaucratic State) ဆိုတာက ခေတ်သစ်ကာလရဲ့ ထုတ်ကုန်တခု ဖြစ်တယ်။ ဒါဟာ အယူဝါဒ (Ideology) ကြောင့်သက်သက် မဟုတ်ဘဲ၊ "နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ်များ" (Technical Foundations) ပေါ်ပေါက်လာမှသာ ဖြစ်နိုင်တဲ့ အရာတခုပဲ။
ခေတ်သစ်အမြင်အရ "နိုင်ငံတော်" လို့ ခေါ်ဆိုနိုင်ဖို့အတွက် ရှုပ်ထွေးတဲ့ အချက်အလက်တွေ၊ ဆက်သွယ်ရေးစနစ်တွေနဲ့ ထိန်းချုပ်မှု ယန္တရားတွေ လိုအပ်တယ်။....
(ဆက်လက်ဖတ်ရှုရန် ဒီ Link ကိုနှိပ်ပါ)
မဏ္ဍလဆောင်းပါးတွဲများ
- နေမင်းကြီးနှင့် ဂြိုဟ်ရံများ သို့မဟုတ် Solar Polity သီအိုရီ (မဏ္ဍလဆောင်းပါးတွဲ၊ ၁)
- အရင်ခေတ်က ဗြူရိုကရေစီ ဘာလို့မဖြစ်နိုင်ရသနည်း (မဏ္ဍလဆောင်းပါးတွဲ၊ ၂)
- ရှေးခေတ်စစ်တပ်နဲ့ ယနေ့စစ်တပ် မတူညီ (မဏ္ဍလဆောင်းပါးတွဲ၊ ၃)
- မဏ္ဍလခေတ်နဲ့ လူမျိုးအမြင် (မဏ္ဍလဆောင်းပါးတွဲ၊ ၄)
- သစ္စာခံခြင်းအကြောင်း (မဏ္ဍလဆောင်းပါးတွဲ၊ ၅)
- ကုန်သွယ်ရေး၊ မဏ္ဍလနဲ့ နိုင်ငံခြားသား (မဏ္ဍလဆောင်းပါးတွဲ၊ ၆)
- မဏ္ဍလနယ်နိမိတ်များ (မဏ္ဍလဆောင်းပါးတွဲ၊ ၇)
- ခေတ်သစ် ဝန်ထမ်းစနစ်နဲ့ မတူညီပုံ (မဏ္ဍလဆောင်းပါးတွဲ၊ ၈)
- မဏ္ဍလအုပ်ချုပ်ရေးနှင့် မင်းနေပြည်တော်