Gender Categories and Politics Course
ဒီသင်တန်းက ဂျန်ဒါ category တွေဟာ အတွေ့အကြုံတွေကို မြင်သာစေဖို့၊ လူတွေကို စုပေါင်းဖို့၊ သုတေသနနဲ့ မူဝါဒလုပ်ငန်းတွေမှာ အသုံးဝင်ကြောင်း၊ တချိန်တည်းမှာ အမည်တွေကို အားစိုက်ရုံမက နိုင်ငံရေးပြဿနာရဲ့ အခြေခံဖြစ်တဲ့၊ နှိမ့်ချမှုကို ဖြစ်စေတဲ့ အာဏာ၊ အဖွဲ့အစည်း၊ စီးပွားရေးမှီခိုမှု၊ လူမှုစံနှုန်း၊ ကိုယ်စားပြုမှုနဲ့ အရင်းအမြစ်ခွဲဝေမှုတွေကိုလည်း အားစိုက်သင့်ကြောင်း အဆိုပြုတာဖြစ်ပါတယ်။
ဒီသင်တန်းမှာ “ဘယ်သူက ဘာ identity လဲ” ဆိုတာထက် “ဘယ်သူက ဆုံးဖြတ်နိုင်သလဲ၊ ဘယ်စည်းမျဉ်းက အဲ့ဒီဆုံးဖြတ်ချက်ကို ဖြစ်စေသလဲ၊ ဘယ်သူက ကုန်ကျစရိတ်ခံရသလဲ၊ ဘယ်အဖွဲ့အစည်းက ဒီအခြေအနေကို ပြန်လည်ထုတ်လုပ်နေသလဲ၊ ဘယ်နေရာမှာ ပြောင်းလဲနိုင်တဲ့ leverage ရှိသလဲ” ဆိုတဲ့ နိုင်ငံရေးမေးခွန်းတွေကို ပိုမိုလေ့ကျင့်သွားမယ်။
အဓိကရည်ရွယ်ချက်က category တွေကို ဖျက်ပစ်ဖို့ဖြင့် မဟုတ်ပါဘူး။ Category တခုကို ဘယ်အချိန်မှာ အသုံးဝင်သလဲ၊ ဘယ်အချိန်မှာ အလွန်အကျွံရိုးရှင်းသွားသလဲ၊ ဘယ်အချိန်မှာ အသစ်တဖန် essence တခုလို ခိုင်မာသွားသလဲဆိုတာ ခွဲခြားနိုင်ဖို့ပါ။ နာမည်ပေးခြင်းကို နိုင်ငံရေးအဖြေတခုလို သုံးမယ့်အစား နိုင်ငံရေးပြဿနာကို ရှင်းပြဖို့ အသုံးဝင်တဲ့ tool တခုအဖြစ် သုံးနိုင်ဖို့ ဒီသင်တန်းက လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
အောက်ပါ Tab ကို နှိပ်ပြီး သင်ခန်းစာကို လေ့လာပါ။
အခြေခံသင်တန်းလေ့လာမှုကို ပြီးစီးပြီးတဲ့နောက် အောင်လက်မှတ်ထုတ်ယူဖို့ အောက်က Tab ကို နှိပ်ပြီး ဆန်းစစ်မှုကို ဖြေဆိုပါ။
ဖြေဆိုပြီးပါက Certificate ကို Download လုပ်ယူထားပါ။
တခုထက်ပို ရွေးရသော မေးခွန်းများ ရှိသည်ကို သတိပြုပါ။
အစီစဉ်ချခိုင်းသော မေးခွန်းများတွင် "Confirm Order" ကို နှိပ်ရန် မမေ့ပါနှင့်။
ဖြေဆိုပြီးပါက Certificate ကို Download လုပ်ယူထားပါ။
ထုတ်ယူမရပါက TheCallingDigest@gmail.com ကို ဖြစ်စေ၊ https://t.me/Minsoe101 ကို ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။