Political Analysis Course Ladder

ဒီ နိုင်ငံရေးခွဲခြမ်းစိတ်ဖြာမှုသင်တန်းက ကိုယ့်မှာရှိပြီးသား စဉ်းစားတွေးခေါ်ပုံကို အရင်စစ်ဆေးပြီး အချက်အလက်အပေါ်မူတည်ပြီး သုံးသပ်ချက်တွေကို ပြင်ဆင်တတ်တဲ့ အခြေခံစည်းကမ်းတွေကို တည်ဆောက်ပေးတဲ့ လမ်းကြောင်းတခုပါ။ ပြီးတော့ သမိုင်း၊ အာဏာ၊ စီးပွားရေးနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ အဲဒီကျွမ်းကျင်မှုတွေနဲ့ လက်တွေ့သုံးသပ်နိုင်အောင် လေ့ကျင့်ပေးပါတယ်။ ဒီသင်တန်းရဲ့ ရည်ရွယ်ချက်က "ဘာကို စဉ်းစားရမယ်" လို့ တရားဟောဖို့မဟုတ်ဘဲ နိုင်ငံရေးအချက်အလက်တွေကို ဘယ်လိုပုံစံ စဉ်းစားသုံးသပ်မလဲ၊ အထောက်အထားနဲ့ ဘယ်လိုဆန်းစစ်မလဲ၊ အခြေအနေအသစ်တွေပေါ်မူတည်ပြီး ဘယ်လို ပြန်ပြင်တွေးခေါ်မလဲဆိုတဲ့ ကိုယ်ပိုင်စဉ်းစားလုပ်ကိုင်နိုင်စွမ်းကို ပိုအားကောင်းလာအောင် လုပ်ပေးဖို့ပါပဲ။

အောက်က သင်ခန်းစာဟာ "အခြေခံနိုင်ငံရေးသင်တန်း" မှာသုံးတဲ့ သင်ခန်းစာဖြစ်ပါတယ်။ ကိုယ့်ဘာသာလေ့လာရင်လည်း မခက်ခဲပါဘူး။ နားလည်လွယ်အောင် ဒီဇိုင်းဆွဲထားပြီး ဖြစ်ပါတယ်။ အောက်ပါ Tab ကို နှိပ်ပြီး သင်ခန်းစာကို လေ့လာကြည့်ပါ...။

Basic Political Literacy Course

သုံးထားတဲ့ဝေါဟာရတွေရဲ့ အယူအဆနဲ့ ပတ်သက်ပြီး ပိုသိချင်ရင် ဒီစာမျက်နှာမှာသွားကြည့်လို့လည်းရပါတယ်။ 


https://www.thecallingdigest.org/study-glossary-to-learn

အခြေခံနိုင်ငံရေးသင်တန်းလေ့လာမှုကို ပြီးစီးပြီးတဲ့နောက် အောင်လက်မှတ်ထုတ်ယူဖို့ အောက်ပါ Tab ကို နှိပ်ပြီး ဒီဆန်းစစ်မှုကို ဖြေဆိုပါ။


(တကယ်လို့ Device ကြောင့် Certificate ထုတ်လို့မရရင်လည်း လှမ်းပြောပါ။ PDF ပြန်ပို့ပေးပါ့မယ်။)

Basic Political Literacy Test/Exam

ဖြေဆိုပြီးပါက Certificate ကို Download လုပ်ယူထားပါ။


တခုထက်ပို ရွေးရသော မေးခွန်းများ ရှိသည်ကို သတိပြုပါ။

အစီစဉ်ချခိုင်းသော မေးခွန်းများတွင် "Confirm Order" ကို နှိပ်ရန် မမေ့ပါနှင့်။

ဖြေဆိုပြီးပါက Certificate ကို Download လုပ်ယူထားပါ။


ထုတ်ယူမရပါက TheCallingDigest@gmail.com ကို ဖြစ်စေ၊ https://t.me/Minsoe101 ကို ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အပေါ်က BPL သင်တန်း Certificate ရတယ်ဆိုရင် အောက်က သင်တန်းနှစ်ခုကို အွန်လိုင်းပို့ချတဲ့အခါ ပါဝင်လို့ ရပါတယ် (ဒီအတိုင်းကတော့ public မဖွင့်ထားပါ)။ ပထမသင်ခန်းစာတွေက Political Analysis အတွက် အခြေခံကျတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။ ဒုတိယက တကယ်အစီရင်ခံစာတစောင် ရေးသားနိုင်တဲ့အထိ သင်ဖို့ရာ ဖြစ်ပါတယ်။

Benchmarking ကို မဖြစ်မနေ ဖြေစရာတော့ မလိုပါဘူး။ ဒါက The Calling Digest မှာ သင်တန်းတက်တဲ့သူတွေအတွက် Pre နဲ့ Post အစမ်းလုပ်ဖို့တွေ ဖြစ်ပါတယ်။

Benchmarking Before Learning These Courses

Foundation Course of Political Analysis

Main Course of Political Analysis