Personality - ကိုယ်ရည်ကိုယ်သွေး ဆန်းစစ်ချက် (DISC)

သင်ဟာ ဘယ်လိုလူစားမျိုးလဲ။ ဖိအားအောက်မှာ ဘယ်လိုတုံ့ပြန်တတ်လဲ။ လူတွေနဲ့ ဘယ်လိုဆက်ဆံတတ်လဲ။ အောက်က Personality မေးခွန်း ၁၂ ခုကို ရိုးသားစွာဖြေကြည့်ပါ။ သင့်ရဲ့ အဓိကကိုယ်ရည်ကိုယ်သွေးပုံစံ စိုးမိုးချုပ်ကိုင်သူလား၊ သြဇာလွှမ်းမိုးသူလား၊ တည်ငြိမ်အေးချမ်းသူလား၊ စနစ်ကျသူလား ဘာလဲဆိုတာကို အတိအကျမဟုတ်တောင် မှန်းဆကြည့်နိုင်ပါလိမ့်မယ်။ ရလဒ်နဲ့အတူ သင့်အားသာချက်၊ ဖွံ့ဖြိုးရန်အချက်တွေသာမက ကိုယ်ပိုင်ဖွံ့ဖြိုးရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာ အကြံပြုချက်တွေကိုပါ ရရှိမှာပါ။



Planning - ဦးတည်ချက် ရေးဆွဲခြင်း (STAR + SMART)

သင့်မှာ စိတ်ကူးရှိပေမယ့် ဘယ်လိုစပြောရမလဲ မသိဖြစ်နေလား။ STAR မူဘောင်နဲ့ သင့်မစ်ရှင်ကို ဇာတ်ကြောင်းအဖြစ် ဖွဲ့စည်းလိုက်ပါ။ ပြီးရင် SMART နဲ့ ခေါင်းဆောင်မှုရည်မှန်းချက်ကို သတ်မှတ်ပါ။ နောက်ဆုံးမှာ နှစ်ခုပေါင်းပြီး ပြည့်စုံတဲ့ မစ်ရှင်မူကြမ်းတခု ဖန်တီးနိုင်မယ်။ ကိုယ်ပိုင်လုပ်ငန်း၊ အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဦးတည်ချက်အတွက်ပဲဖြစ်ဖြစ်၊ ဒီကိရိယာက သင့်စိတ်ကူးကို လုပ်ဆောင်နိုင်တဲ့ အစီအစဉ်အဖြစ် ပြောင်းပေးမှာပါ။



Political Agency - နိုင်ငံရေးလုပ်အား ဆင်ခြင်သုံးသပ်ချက်

နိုင်ငံရေးမှာ ပါဝင်တာနဲ့ နိုင်ငံရေးလုပ်အား တကယ်ထုတ်နိုင်တာ မတူဘူး။ ဒါကတော့ လူတွေအထင်ကြီးအောင် ဖြေရမယ့် စာမေးပွဲမဟုတ်ဘူး။ ကိုယ်တကယ် ဘာလုပ်တတ်သလဲဆိုတာကို ရှာဖွေတဲ့ လေ့ကျင့်ခန်းပါ။ မေးခွန်း ၁၂ ခုဖြေပြီး သင့်အားသာရာ နိုင်ငံရေးလမ်းကြောင်းကို ရှာပါ။ ပြီးရင် ကိုယ်တာဝန်ယူလုပ်မယ့် နိုင်ငံရေးလုပ်အားတခုကို ရွေးချယ်ပါ။ ဒါက သင့်ကို အမျိုးအစားတခုထဲ တရားသေတံဆိပ်ကပ်ထည့်ဖို့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ကဖြင့် ကိုယ့်စွမ်းရည်နဲ့ တာဝန်ယူနိုင်တဲ့ အလုပ်ကို ရှာဖွေဖို့ပါပဲ။

Personality

Political Agency

Planning

Mission Framing: STAR + SMART Reflection
📖 ဦးတည်ချက်ဇာတ်ကြောင်း (STAR)

STAR ဇာတ်အိမ်ဖွဲ့ခြင်း - မစ်ရှင်ကို ပုံဖော်ခြင်း

သင့်အဖွဲ့ သို့မဟုတ် ကိုယ်ပိုင် ဦးတည်ချက်ကို Situation (အခြေအနေ) → Trend (လမ်းကြောင်း) → Action (ဆောင်ရွက်ချက်) → Result (ရလဒ်) ဖြင့် ရှင်းလင်းပြောပြပါ။ ဤပုံစံက သင့်မစ်ရှင်ကို စိတ်ဝင်စားဖွယ်၊ ယုံကြည်စိတ်ချရစေသည်။

တိကျသော အခြေအနေ၊ စိန်ခေါ်မှု သို့မဟုတ် အခွင့်အလမ်းကို ရေးပါ။
လက်ရှိအခြေအနေ ဆက်ရှိနေပါက ဖြစ်လာနိုင်သော အန္တရာယ် သို့မဟုတ် တိုးတက်မှုအလားအလာ
သင်တို့ ဦးဆောင်လုပ်ဆောင်နေသော သတ်သတ်မှတ်မှတ် လုပ်ရပ်များ
တိုင်းတာနိုင်သော၊ မြင်သာသော ရလဒ် (အရေအတွက်၊ အရည်အသွေး)
STAR မူကြမ်းက ဒီမှာ ပေါ်လာပါမည်။
🎯 ခေါင်းဆောင်မှု ရည်မှန်းချက် (SMART)

SMART ဖြင့် ဦးတည်ချက်သတ်မှတ်ခြင်း

Specific (တိကျ) · Measurable (တိုင်းတာနိုင်) · Achievable (လက်တွေ့ဖြစ်နိုင်) · Relevant (ဆီလျော်မှု) · Time-bound (အချိန်သတ်မှတ်)

SMART ချဲ့ထွင်ချက်က ဤနေရာတွင် ဖော်ပြမည်။

🌀 Mission Framing – ပေါင်းစပ်သုံးသပ်ချက်

သင်၏ STAR ဇာတ်ကြောင်းနှင့် SMART ရည်မှန်းချက်ကို ပေါင်းစပ်ကာ သင့်အဖွဲ့ သို့မဟုတ် ကိုယ်ပိုင် ဦးတည်ချက်အား အားကောင်းလာစေမည့် မူကြမ်းဖြစ်သည်။

STAR + SMART ကို ပေါင်းစပ်ထားသော ရလဒ်က ဤနေရာတွင် ပေါ်လာမည်။
⚠️ ဤ reflection tool သည် လမ်းညွှန်မှုနှင့် ကိုယ်ပိုင်ဖွံ့ဖြိုးရေးအတွက်သာ ရည်ရွယ်ပါသည်။ လုပ်ငန်းအဆင့် ဆုံးဖြတ်ချက်များအတွက် သင့်အဖွဲ့အစည်း၏ မဟာဗျူဟာနှင့် ပေါင်းစပ်စစ်ဆေးပါ။