ယခုစာမျက်နှာအကြောင်း



ယခုစာမျက်နှာတွင်ရှိသော ခေါင်းစဉ်အများအပြားမှာ စိစစ်နေဆဲဖြစ်သည့်အတွက် မဖြည့်စွက်ရသေးပါ။ မကြာခင်ဖြည့်စွက်သွားပါမည်။


ယခုစာမျက်နှာတွင် ခေါင်းစဉ်ကြီးနှစ်ခုရှိပါသည်။ နိုင်ငံတော်ဗဟိုကျောရိုးစုဖွဲ့မှုများနှင့် ဌာနေလူမျိုးလူထုခုခံစုဖွဲ့မှုများဟူ၍ ဖြစ်ပါသည်။ ယခုကဲ့သို့ ခွဲစိတ်၍ စဉ်းစားရခြင်းမှာ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံတော်အာဏာကို လေ့လာကြည့်ပါက ရှေးခေတ်များကတည်းက နှစ်ခြမ်းကွဲလျက် ဗဟိုချက်မကို စေ့မရ ဖြစ်နေခဲ့ပါသည်။ လွတ်လပ်ရေးမရခင် ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံးများသာ ကွဲခဲ့ရုံမက လွတ်လပ်ရေးရပြီးသည့်အခါလည်း နိုင်ငံတော်စုဖွဲ့မှုအတွင်း အချုပ်အခြာအာဏာရှိသည်ဟု လက်ခံထားကြလျက်မှာပင် ဖဆပလနှင့် ကွန်မြူနစ်၊ ဗကပနှင့် စစ်အစိုးရများ၊ နဝတ/နအဖနှင့် NCGUB၊ NLD နှင့် USDP၊ ယခု NUG နှင့် စကစ ကွဲနေကြပါသည်။ ယင်းသို့ အစဉ်အဆက် အမြဲပင် ကွဲနေသော်လည်း "မြန်မာနိုင်ငံ" ဟူသည့် တရားဝင်အမျိုးသားအချုပ်အခြာအာဏာကို ငြင်းဆိုခဲ့ခြင်း မရှိကြပါ။ အချုပ်အခြာအာဏာကျောရိုးကို လက်သင့်ခံကြပါသည်။


ယင်းကျောရိုးမ၏ စိုးမိုးမှု၊ မူဝါဒအရ ဝါးမြိုမှု၊ နှစ်ခြမ်းလုံးမှ ဆွဲခေါ်မှု၊ စီးပွားရေး-နိုင်ငံရေး အခွင့်အရေးများပေးပြီး စည်းရုံးမှုများကို ခံရသည်မှာ လူမျိုးလူထုတို့၏ နိုင်ငံရေးအင်စတီကျူးရှင်း အသီးသီးတို့ ဖြစ်ကြသည်။ စာရေးသူ၏ "ပြည်ထောင်စုအတွင်းမှ လောကအမြင်များ" စာအုပ်အတွက် အင်တာဗျူးစဉ် ဌာနေလူမျိုးလူထု လက်နက်ကိုင် ခေါင်းဆောင်အများအပြားက "နိုင်ငံတော် ဆိုတဲ့စကားလုံးမှာ 'တော်' ဆိုတာကြီး ပါနေတာကိုက စိုးမိုးသလိုဖြစ်လို့ မကြိုက်ဘူး" ဟု ဖြေခဲ့ကြပါသည်။ နိုင်ငံသည် လူမျိုးလူထု လွတ်လပ်မှုများကို ချုပ်တည်းခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ဝါးမြိုဖျောက်ဖျက်ခြင်းများ ဆက်တိုက်ဖြစ်ခဲ့သည်။ လူမျိုးလူထုတို့သည် နိုင်ငံတော်၏ စုဖွဲ့မှု (Form of State) နှင့် ယင်းနိုင်ငံတော်၏ တရားဝင်မှု (Legitimacy of the State itself) ကို လက်မခံ၍ အစောတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီး၏ အပြင်ဘက် ထွက်ကာ လက်နက်ကိုင်တိုက်ခိုက်ကြရခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ကို နစ်နာမှုများအတွက် တာဝန်ခံစေ၍ရသည့်၊ ပြည်ထောင်စုအစိုးရကို တရားစွဲ၍ရှင်းနိုင်သည့် အနေအထား မရောက်မချင်းလည်း လက်နက်ကိုင် တိုက်ရဦးမည်သာဖြစ်သည်။ ထို့ကြောင့် ယင်းလူမျိုးလူထုတို့၏ နိုင်ငံရေးကို အာဏာစုဖွဲ့မှုအရ သီးခြားခွဲထုတ်ကာ ဆွေးနွေးရခြင်းဖြစ်သည်။


သို့ရာတွင် နှစ် ၈၀ နီးပါးဖြစ်လာသည့်အလျောက် တချို့အင်စတီကျူးရှင်းအများအပြားမှာ ပေါင်းခြင်း၊ ကွဲခြင်း၊ ရပ်တည်ချက် တခါမက ပြောင်းလဲခဲ့ခြင်းများ ဖြစ်ခဲ့ကြပြီ ဖြစ်သည့်အတွက် တခါတရံ နိုင်ငံတော်ကျောရိုးဖြင့် ပေါင်းလိုက်၊ ကွဲလိုက် ဖြစ်နေသည်ကိုလည်း တွေ့ရမည်ကို သတိချပ်ရန် လိုပါသည်။

နိုင်ငံတော်ဗဟိုကျောရိုး စုဖွဲ့မှုများ

(ဆက်လက်ဖြည့်သွားမည်ဖြစ်ပါသည်)

ကိုလိုနီခေတ်နိုင်ငံရေးစုဖွဲ့မှုများ


  • ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
  • ကုမ္မာရီအသင်းများ
  • တို့ဗမာအစည်းအရုံး
  • ဗမာပြည်ကွန်မြူနစ်ပါတီ
  • ဗမာ့ထွက်ရပ်ဂိုဏ်း
  • ပြည်သူ့အရေးတော်ပုံပါတီ
  • ဖတပလ - ဖဆပလ

ဖဆပလခေတ်နှင့် စစ်အစိုးရလက်ထက် စုဖွဲ့မှုများ

  • ဗမာပြည်အလုပ်သမားလယ်သမားပါတီ
  • ဗမာပြည်အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ်
  • ဗမာပြည်တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး
  • ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု

အရပ်သားတပိုင်းအစိုးရများခေတ် စုဖွဲ့မှုများ

  • ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး

နွေဦးတော်လှန်ရေးခေတ်စုဖွဲ့မှုများ

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
  • အမျိုးသားညီညွတ်ရေးအစိုးရ
  • အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
  • သပိတ်အဖွဲ့များ
  • ပြည်နယ်အတိုင်ပင်ခံကောင်စီများ
  • အခြားစုဖွဲ့မှုများ

ဗမာဟူသည်အဘယ်နည်း



အလျဉ်းသင့်၍ ဒီနေရာမှာ "ဗမာ" ဆိုသည့် ဝေါဟာရ ဘာကို ဆိုလိုသလဲ သိရဖို့ လိုပါသည်။ မြန်မာနိုင်ငံ၏ ပြဿနာသည် ဗမာ-နှင့်-တိုင်းရင်းသား တိုက်ပွဲဟု ပြောလျှင် မမှန်ပါ။ သို့သော် အပြည့်လည်း မမှားသေးပါ။ လူမျိုး၏ အနှစ်သာရမရှိမှုကို သိသည့်တိုင် ဗမာလူမျိုးလက္ခဏာကသာ တနိုင်ငံလုံး လွှမ်းနေသည်၊ နိုင်ငံက စပွန်ဆာ ပေးထားသည်ကိုလည်း ငြင်းမရပါ။ ဗမာလူမျိုးကြီးဝါဒီမှန်း အလွန်သိသာနေသူများပင် ဗမာလူမျိုးကြီးဝါဒ မရှိပါဘူးဟု ငြင်းချက်များ ထုတ်တတ်ကြသည်။ ထိုသို့ငြင်းချက်ထုတ်ရာတွင် စိတ်က တကယ်မသိလို့ဖြစ်နိုင်သလို၊ သိပါလျက် ကိုယ်ကျိုး အတွက်လည်း ဖြစ်နိုင်သည်။ (မြန်မာနှင့် ဗမာသည် ခေတ်အဆက်ဆက် တခုနှင့်တခု ပြောင်းသုံးခဲ့ကြပုံကို ထောက်၍ အတူတူပင်ဖြစ်သည်၊ ခေတ်အရ ဘာပိုသုံးလဲသာ ကွာသည်ဟု အရှေ့ မြန်မာ့နိုင်ငံရေးကောက်ကြောင်းများတွင် ဆွေးနွေးခဲ့ပြီးသား ဖြစ်ပါသည်) အရင်ဆုံး “ဗမာ” “လူမျိုးကြီး” “ဝါဒ” ဟူသည့် စကားလုံးများက ဘာကိုဆိုလိုသလဲ အရင်နားလည်မှုတူညီစွာ အထိုင်ကျမှသာ ရှိလား၊ မရှိလားပုစ္ဆာကို ရှင်းနိုင်မည် ဖြစ်သည်။


တိုတိုပြောရလျှင် ဗမာဟုဆိုပါလျှင် -

၁။ နာမဝိသေသနအားဖြင့် သုံးသော "ဗမာ" ဝေါဟာရ

၂။ သွေးသား သို့မဟုတ် မျိုးရိုးအရ "ဗမာ"

၃။ သမိုင်းဆိုင်ရာ အသိစိတ်အဖြစ် "ဗမာ"

၄။ ဘာသာစကားအဖြစ် "ဗမာ"

၅။ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် "ဗမာ"

၆။ နိုင်ငံတော် ဝိသေသလက္ခဏာအဖြစ် "ဗမာ"

၇။ ဗမာဖြစ်လာသူများ (Burmanized Individuals)


အသေးစိတ် ဆက်လက်ဖတ်ရှုဆွေးနွေးရန် ဒီနေရာကိုနှိပ်ပါ။

Image description

ဌာနေလူမျိုးလူထု ခုခံ/တော်လှန်စုဖွဲ့မှုများ

(ဆက်လက်ဖြည့်သွားမည်ဖြစ်ပါသည်)

လက်နက်ကိုင် စင်ပြိုင်တော်လှန်ရေးဆိုင်ရာ


  • ကချင်တော်လှန်ရေး
  • ကရင်တော်လှန်ရေး
  • ကရင်နီတော်လှန်ရေး
  • ချင်းတော်လှန်ရေး
  • မွန်တော်လှန်ရေး
  • ရခိုင်တော်လှန်ရေး
  • သျှမ်းတော်လှန်ရေး

ပါတီနိုင်ငံရေးဆိုင်ရာ

  • ကချင်ပါတီများ
  • ကရင်ပါတီများ
  • ကရင်နီပါတီများ
  • ချင်းပါတီများ
  • မွန်ပါတီများ
  • ရခိုင်ပါတီများ
  • သျှမ်းပါတီများ

နိုင်ငံရေးအသင်းအဖွဲ့များ