• အမြင်သာဆုံးသော အရာတို့ကို မကြာခဏ လျစ်လျူရှုမိတတ်ကြသည်။ 
    • The most visible things are often overlooked.
  • ထမ်းပိုးရန် ဘာမှမရှိတော့ခြင်းသည် အလေးဆုံးသော ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ 
    • The heaviest burden is having nothing to carry on.
  • လစ်ဟာနေသော နေရာကိုသာ ဖြည့်နိုင်သည်။ 
    • Only an empty space can be filled.
  • အမှောင်ဆုံးနေရာတွင် အလင်းသည် ပို၍ ထင်ရှားစွာ ပေါ်လွင်သည်။ 
    • The light is most visible in the deepest dark.
  • မည်သည့်အရာကိုမျှ လွယ်လွယ် မယုံကြည်တတ်မှုအပေါ် ယုံကြည်ခြင်းသည် ပညာရှိခြင်းဖြစ်သည်။ 
    • Believing not to believe anything easily is a way of wisdom.
  • အာဏာစိုးမိုးမှုကို ဆန့်ကျင်တိုက်ခိုက်မှသာ အာဏာသည် တရားသည်။ 
    • Power is only justified if it asks against tyranny of power.
  • ဖြေရှင်းနည်းသည် ပြဿနာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေတတ်သည်။ 
    • The solution can be part of the problem.
  • ဘဝကို နားလည်ရန် သေခြင်းတရားကို ဆင်ခြင်သုံးသပ်ရလိမ့်မည်။
    • To understand life, you must contemplate death.
  • အသိတရားဟူသည် မိမိသိသည်မှာ နည်းပါးလှသေးကြောင်း နားလည်လာခြင်းပင်။
    • Knowledge is when you realize you know not much at all.
  • စစ်မှန်သော တိုးတက်မှုဟူသည် စုဆောင်းမိသည်များဖြင့် တိုင်းတာခြင်း မဟုတ်ဘဲ စွန့်လွှတ်ခွာချနိုင်သည်များဖြင့် သိသာခြင်း ဖြစ်သည်။ 
    • True growth is measured by what you shed, not what you accumulate.
  • အမြန်ဆုံးနည်းလမ်းမှာ အရှိန်လျှော့ခြင်းပင်။ 
    • The fastest way is to slow down.
  • အလေးနက်ဆုံးသော သံကြိုးများသည် မမြင်နိုင်သော သံကြိုးများ ဖြစ်သည်။ 
    • The heaviest chains are the ones we cannot see.
  • အမှန်တကယ် နားလည်ခြင်းသည် ရှုပ်ထွေးမှုမှ ပေါ်ထွက်လာတတ်သည်။ ၏
    • The truest understanding is born from confusion.
  • မမြဲခြင်းသည်သာလျှင် မြဲသည်။ 
    • Impermanence is the only permanent thing.
  • စစ်မှန်သော ထိန်းချုပ်နိုင်မှုသည် စွန့်လွှတ်ခြင်းမှ အစပြုသည်။ 
    • True control starts with letting go.
  • အဆုံး၏အစသည် အစ၏အဆုံး ဖြစ်သည်။
    • The beginning of the end is the end of the beginning.
  • သိပ္ပံဟူသည် တရားကိုယ်အစွဲကို ဆန့်ကျင်သော တရားကိုယ်အစွဲပင် ဖြစ်သည်။
    • Science is the dogma against dogma.
  • အစွမ်းအထက်ဆုံး လုပ်ဆောင်မှုသည် မကြာခဏဆိုသလို လုပ်ဆောင်မှုတန့်လိုက်ခြင်းပင် ဖြစ်သည်။ 
    • The most powerful action is often inaction.
  • နေရာလွတ် ဖန်တီးရန် နယ်နိမိတ်များ သတ်မှတ်ရမည်။ 
    • To create space, one must erect boundaries.
  • လောကကြီးကို အမှန်တကယ် မြင်နိုင်ရန် သင် မျက်လုံးကို မှိတ်ထားရမည်။ 
    • To truly see the world, you must close your eyes.
  • အရှိတရားကို လွယ်လွယ်ဖမ်းဆုပ်မရရှိနိုင်။ 
    • What is most real cannot be realized easily.
  • ကျွန်ုပ်တို့၌ လွတ်လပ်ဆန္ဒရှိသည်ဟု ယုံကြည်ရုံမှတပါး အခြားရွေးချယ်စရာ မရှိ။ 
    • We have no choice but to believe that we have free will.
  • ရွေ့လျားခြင်းကို နားလည်မှသာ ရပ်တန့်နိုင်မည်။ 
    • Only when we understand moving, we can stop.
  • ပြည့်စုံခြင်းစိတ်သို့ သွားရာလမ်းသည် ပြင်းပြသော ဆန္ဒများ ကင်းသော လမ်းပင်။
    • The path to fulfillment is the path without strong desires.
  • သင်ကိုယ်တိုင်၏ဘဝ ဖြစ်နိုင်ရန် ဘာမှမဟုတ်သူ ဖြစ်လာရမည်။ 
    • You have to become nobody to be yourself.
  • စစ်မှန်သော အနန္တတွင် အကန့်အသတ်ရှိခြင်း ပါဝင်ရမည်။ 
    • True infinite must contain finite.
  • တည်ရှိမှုကို မရှိခြင်း၏ ကျယ်ပြန့်မှုဖြင့် သတ်မှတ်နိုင်သည်။ 
    • Presence is defined by the vastness of absence.
  • အဆုံးစွန်သော လွတ်လပ်ခြင်းဟူသည် သင်မည်မျှ ချည်နှောင်ခံထားရကြောင်း နားလည်ခြင်းပင် ဖြစ်သည်။ 
    • The ultimate freedom is realizing how bound you are.
  • အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ကို ရှာဖွေရန် အဓိပ္ပာယ်မဲ့ခြင်းကို လက်ခံပွေ့ပိုက်ရမည်။ 
    • To find the most profound meaning, one must embrace meaninglessness.
  • စနစ်တကျရှိခြင်းသည် ရှုပ်ထွေးမှု၏ ပုံစံတစ်မျိုးမျှသာ ဖြစ်သည်။ 
    • Order is merely a specific manifestation of chaos.
  • အရာခပ်သိမ်းကို မေးခွန်းထုတ်ခြင်းကိုယ်၌က အဖြေပင် ဖြစ်သည်။ 
    • To question everything itself is the answer.
  • ပြဿနာကို နားလည်ခြင်းဟူသည် အမှန်တကယ် ပြဿနာ မရှိခဲ့ကြောင်း သဘောပေါက်ခြင်းပင်။ 
    • The understanding of the problem is realizing there was no actual problem.
  • အခိုင်မာဆုံးသော အရာသည် ဗလာနတ္တိ ဖြစ်သည်။ 
    • The most solid thing is emptiness.
  • ရှိရှိသမျှ ဖြစ်တည်မှု အားလုံး၏ အရင်းအမြစ်သည် နတ္ထိ/မရှိခြင်းပင် ဖြစ်သည်။ 
    • The source of all beings is non-being.
  • ပညာကိုသင်ယူရန် ရှိပြီးသားအမြင်ကို ပြန်ခွာစွန့်ရလိမ့်မည်။ 
    • To learn something, one needs to unlearn first.

ဘဝမှာ အရေးအရာတွေ ကို နားလည်အောင် အရမ်းကြိုးစားတဲ့ အခိုက်အတန့်တွေ ရှိတယ်။ အဖြေတွေရချင်တာ၊ ရှင်းလင်းမှုတွေ နဲ့ ထိန်းချုပ်မှုရှိတဲ့ ခံစားချက်ကို မိမိတို့ လိုချင်တဲ့အခါတွေလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ ဘဝက အမြဲတမ်း ဒီလို အလုပ်လုပ်တာ မဟုတ်ဘူး။ ဆိုလိုတာက မကြာခဏဆိုသလို ဝိရောဓိဖြစ်တာတွေ၊ တပြိုင်နက်တည်း ဦးတည်ရာ နှစ်ခု သွားနေသလို ထင်ရတဲ့ စိတ်ကူးတွေ နဲ့ ကြုံတွေ့စေတယ်။ အစပိုင်းမှာ ဒါတွေ က မကိုက်ညီတဲ့၊ ကျိုးပဲ့နေတဲ့ အစိတ်အပိုင်းတွေလိုပဲ စိတ်ပျက်စရာ ကောင်းတယ်လို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သေသေချာချာ ကြည့်ရင် တခြားအရာ တခုကို မိမိတို့ မြင်နိုင်တယ်။ အဲ့ဒါက ဒီ ဆန့်ကျင်ဘက် ဝိရောဓိတွေ၊ ဒီ ပဋိပက္ခတွေ ဟာ မိမိတို့ တွေးခေါ်မှု ရဲ့ အားနည်းချက် တွေ မဟုတ်ဘဲ ပိုနက်နဲတဲ့ နားလည်မှုဆီကိုရောက်နိုင်မယ့် လျှို့ဝှက်တံခါးတွေ ဖြစ်တယ်။

ဉာဏ်ပညာဟာ မိမိတို့ဆီကို ခိုင်မာတဲ့ ခေါင်းစီးတွေ ဒါမှမဟုတ် ကျယ်လောင်တဲ့ ကြေညာချက်တွေ နဲ့ ရောက်လာတာ မဟုတ်ဘူး။ တိတ်တိတ်လေး ရောက်လာတယ်။  အချက်အလက် တွေ သိတာ ဒါမှမဟုတ် စကားပြောဆိုမှုမှာ လိမ္မာပါးနပ်တာနဲ့ ပညာဟာ အတူတူ မဟုတ်ဘူး။ ဉာဏ်ပညာဆိုတာ မိမိတို့မှာ အဖြေတွေ အားလုံး မရှိဘူးလို့သိတာ၊ ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်တာက ခိုင်မာတဲ့ အဖြေတွေ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးဆိုတာကို လက်ခံတဲ့အခါ ပညာအားဖြင့် ကြီးထွားလာတာ ဖြစ်တယ်။ ဒါက အာကျယ်ကျယ်နဲ့ သိလာတာ မဟုတ်ဘူး။ ပညာက တိုးတိုးလေး ပြောနိုင်တယ်။ ပညာဟာ ပုစ္ဆာတွေ ထဲမှာ၊ မသေချာမှု နဲ့ သံသယကြား တိတ်ဆိတ်တဲ့ နေရာတွေမှာ နေထိုင်တတ်တယ်။

တခုခုသင်ယူတာကို စဉ်းစားကြည့်ပါ။ မိမိတို့ များသောအားဖြင့် ဒါကို လှေကား တထစ်ချင်း တက်ရတဲ့ လှေကား တခုလို မြင်ယောင်ကြတယ်။ အချက်အလက် တခုစီက လှေကားထစ်အသစ် တထစ်ပေါ့။ ဒါပေမဲ့ တကယ့်လက်တွေ့ သင်ယူမှုက ကျယ်ပြန့်တဲ့ ပင်လယ်ကြီး ရဲ့ ကမ်းခြေမှာ ရပ်နေတာနဲ့ ပိုတူတယ်။ မိမိတို့ ပို နားလည်လေလေ၊ မိမိတို့ မနားလည်တာ ဘယ်လောက် များလဲဆိုတာ ပိုမြင်လေလေပဲ။ ဒါက မဝါးကြွားဖို့ သတိပေးသလို လှပစွာရှိတာလည်း ဖြစ်တယ်။ မိမိတို့ အဖြေတခု ရတိုင်း နောက်ထပ် မေးခွန်း ဆယ်ခုမက ပွင့်လာရမယ်။ မသိသေးတာကို သိလာခြင်းဟာ အရသာ ရှိနေရမယ်။ ဒါက ကျရှုံးတာ မဟုတ်ဘူး။ ဒါက သင်ယူမှု ရဲ့ သဘာဝပဲ ဖြစ်တယ်။ တကယ့် ဉာဏ်ပညာက မိမိတို့ မသိသေးတာ ဘယ်လောက် များလဲဆိုတာကို သိမှတ်တဲ့ အခိုက်အတန့်မှာ စတင်တယ်။ မသိတာဟာ အနန္တရှိတယ်။

နောက်တခုတွေးစို့။ ရှေ့ကို ဆက်သွားဖို့ ဖို့ တခါတလေ မိမိတို့ ရပ်ဖို့ ဖို့ လိုအပ်တယ်။ ကိုယ် ဘယ်သူ ဖြစ်တယ် ဆိုတာ သိရှိဖို့ ဖို့ တခါတလေ အရင် နည်းနည်းလမ်းပျောက်ဖို့ ဖို့ လိုအပ်တယ်။ ဒါက ထူးဆန်းတယ်၊ မှားတယ်လို့တောင် ထင်မြင်နိုင်တယ်။ ဒါပေမဲ့ ရှုပ်ထွေးမှုက အမြဲတမ်း ရန်သူ မဟုတ်ဘူး။ မိမိတို့ရဲ့ အဓိပ္ပာယ် အရှိဆုံး အခိုက်အတန့် တွေ၊ မိမိတို့ တကယ် ကြီးထွားဖွံ့ဖြိုးတဲ့ အခိုက်အတန့် တွေဟာ မသေချာမှုတွေအတွင်းမှာ ရောက်လာတယ်။ လမ်းကြောင်း ရှင်းလင်း မနေတဲ့အခါ မိမိတို့ အတွင်းဘက်ကို စတင် ကြည့်တယ်။ ပြီးတော့ ဒီလို လုပ်ဆောင်ရာမှာ မိမိတို့ အရင်က သတိမထားမိခဲ့တဲ့ အရာတွေ ကို ရှာတွေ့တယ်။ မတူညီတဲ့ ရှင်းလင်းမှု ပုံသဏ္ဌာန်တခု စတင် ထွက်ပေါ်လာတယ်။

မိမိတို့ ကမ္ဘာကြီးဟာ ယူဆယုံမှတ်မှုတွေ ခိုင်မာနေအောင် ကိုယ့်ကိုယ်ကိုယ် ပြောပြတဲ့ ဇာတ်လမ်း တွေ နဲ့ ပြည့်နေတယ်။ နိုင်ငံတွေ၊ ပိုက်ဆံ တွေ၊ စည်းမျဉ်း တွေ လို အရာတွေ ကို မိမိတို့ ယုံကြည်တယ်။ ဒါ တွေ ထဲက ဘယ် တခု ကိုမှ သစ်ပင် ဒါမှမဟုတ် ကျောက်တုံး တခုကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းအတိုင်း အခိုင်အမာ ရှင်းထောက်ပြပြီး မကိုင်တွယ်နိုင်ဘူး။ ဒါပေမဲ့ ဒါတွေ က တကယ့်အရာတွေ လို ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေ က အရေးကြီးတယ်လို့ မိမိတို့ လူအားလုံး သဘောတူကြလို့ပဲ။ ဒီ မျှဝေထားတဲ့ ယုံကြည်မှု တွေက မိမိတို့ လူ့အဖွဲ့အစည်းတွေ နဲ့ ဘဝတွေ ကို ပုံသဏ္ဌာန် ပေးတယ်။ ကမ္ဘာကြီးဟာ အမြဲတမ်း ပြောင်းလဲနေတယ်၊ ဘာတခုမှ ပုံသေ မဟုတ်ဘူးဆိုတာကို မိမိတို့ သိကောင်း သိနိုင်တယ်။ ဒါပေမဲ့ အနတ္တလောကမှာတောင် လူဟာရပ်တည်ဖို့ အတွက် ခိုင်မာတဲ့ အရာ တခုကို လိုအပ်နေတုန်းပဲ။ ဒါကြောင့် မိမိတို့ဟာ သီးခြား စိတ်ကူး တွေ၊ သီးခြား ဇာတ်လမ်း တွေကို ကိုင်ဆွဲထားဖို့ ရွေးချယ်ရလိမ့်မယ်။ ဒါဟာ ဖြစ်တည်မှုပဲ။ ဒါဟာ ဦးနှောက်က လုပ်ကိုလုပ်မယ့်အရာပဲ။ သူတို့ဟာ တင်းကျပ်တဲ့ အဓိပ္ပာယ်အရ "သစ္စာတရားလိုမှန်တာတွေ" မဟုတ်ရင်တောင် သူတို့က အသုံးဝင်တယ် မဟုတ်လား။ သူတို့က အတူတူ နေထိုင်ဖို့၊ အတူတူ အိပ်မက် မက်ဖို့ နဲ့ အနာဂတ်တွေ ကို အတူတူ တည်ဆောက်ဖို့ ကူညီတယ်မဟုတ်လား။

ဒါကြောင့် ဝိရောဓိဟာက အမြစ်ဖြုတ် တခုရွေးဖြေရှင်းရမယ့် ပြဿနာမဟုတ်ဘူး။ ဒါက ဆရာပဲ။ အရာ နှစ်ခုဟာ တချိန်တည်းမှာ မှန်နိုင်တယ်ဆိုတာကို ပြသတယ်၊ သူတို့က အချင်းချင်း ဆန့်ကျင်နေသလို ထင်ရရင်တောင်မှ မှန်နေနိုင်တာပေါ့။  စဉ်းစားကြည့်ပါ။ ခိုင်မာမှုထဲမှာ မသေချာတာ ဖြစ်နိုင်တယ်။ လွှတ်ချပြီး ထိန်းချုပ်နိုင်သွားတာ ဖြစ်နိုင်တယ်။ ရပ်ရမယ့်အချိန် သိရင် ပိုကြီးမားတဲ့ တိုးတက်မှု လုပ်နိုင်တယ်။ ဒီ စိတ်ကူး တွေ က ဝိရောဓိအချင်းချင်း ဖယ်ရှားတာ မဟုတ်ဘူး။ သူတို့က မိမိတို့ကို ချဲ့ထွင်ပေးတယ်။ သူတို့က မိမိတို့ကို ပို နက်ရှိုင်းတဲ့၊ ပို ကြင်နာတဲ့၊ ပိုပွင့်လင်းတဲ့ လူသား တွေ ဖြစ်လာစေနိုင်တယ်။

ဒါ့အပြင် အကြီးမားဆုံးလို့ ပြောချင်ပြောနိုင်တဲ့ ဝိရောဓိက ပညာပဲ။ မိမိတို့ဟာ ဉာဏ်ပညာကို လမ်းရှည်ကြီး ရဲ့ အဆုံးမှာ ရှိတဲ့ ရတနာ တခုလိုလို မကြာခဏ ရှာဖွေကြတယ်။ ဒါပေမဲ့ ဉာဏ်ပညာက မိမိတို့ အနိုင်ရ၊ အပိုင်သိမ်းရတဲ့ ဆု မဟုတ်ဘူး။ ဒါက မိမိတို့ ခရီးသွားတဲ့ နည်းလမ်းပဲ။ ဝိရောဓိတွေ ကြုံရတိုင်း မသက်မသာ ဖြစ်တာကို အလျင်စလို ဖြေရှင်းဖို့၊ နှစ်ခုတခုရွေးဖို့ လုပ်တာထက် ဝိရောဓိနဲ့ အတူတူနေထိုင်နိုင်တဲ့ နည်းလမ်းပဲ။ ဒါက မသိမှုမောဟရဲ့ အလယ်မှာ ပြုံးတတ်အောင် သင်ယူတဲ့ နည်းလမ်းပဲ။ အဖြေတွေ မဟုတ်ဘဲ မေးခွန်း တွေကို မိမိတို့ နှလုံးသားထဲမှာ ကိုင်ထားတဲ့ နည်းလမ်းပဲ။

ပဋိပက္ခကို မကြောက်မလန့်ဘဲ မိတ်ဆွေဟောင်းတယောက်လို ကြိုဆိုလိုက်ပါ။ ဒါက မိတ်ဆွေကို စိန်ခေါ်လိမ့်မယ်။ ဒါက မိတ်ဆွေကို အံ့အားသင့်စေလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒါက မိမိ ရှာဖွေနေတယ်လို့ ထင်ခဲ့တဲ့ ဘယ်အရာ တခု ထက်မဆို ပိုပြီး နူးညံ့တဲ့၊ ပို နက်ရှိုင်းတဲ့၊ ပိုထွန်းပတဲ့ ပညာပုံသဏ္ဌာန်တခုကို တွေ့ရှိနိုင်ပါလိမ့်မယ်။